ဗီယက်နမ်တွင် ၂၀၁၆ အတွင်းလူနေအိမ်ခန်းများ

၂၀၁၆ ခုနှစ် ပထမသုံးလပတ်ကာလ အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တော်ရှိ အိမ်ရာစီမံကိန်း ၁၆ ခုမှ လူနေအိမ်ခန်းသစ် စုစုပေါင်း ၄၃၁၈ ခန်းရောင်းချခဲ့ရရာယခင် ၂၀၁၅ ခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်းရောင်းအားကျဆင်းသွားကြောင်း “ဟနွိုင်း ၂၀၁၆ ပထမသုံးလပတ် အိမ်ခြံမြေကဏ္ဍ အစီရင်ခံစာ”တွင် ဖော်ပြထားကြောင်း ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပထမသုံးလပတ်အတွင်းရောင်းချခဲ့ရသည့် နေအိမ်ခန်းများအနက် အများစုမှာတန်ဖိုးကြီးနှင့် အလယ်အလယ်တန်းအိမ်ခန်းများဖြစ်ပြီး ဈေးကွက်ဝေစုအားဖြင့် ၄၈ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်းအသီးသီးရရှိထားသည်။

Continue reading

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ (၂)

၁၀။ စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ရန်အလို့ငှာ စုပေါင်းပိုင်မြေ အဖြစ် မှတ်ပုံတင်လိုသည့် မြေသည် –
(က) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက် လုပ်ခွင့် ရှိရမည့်အပြင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေ အမျိုးအစားဖြစ်ရမည်။
(ခ) မြေလက်ရှိပိုင်ဆိုင်သူက သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးတွင် စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးပြီး ဖြစ်ရမည်။
(ဂ) မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း က သတ်မှတ်ထားသည့် အချက်များနှင့်အညီ ဖြစ်ရမည်။

Continue reading

ကန်ထရိုက်တိုက်ခန်းဥပဒေ ယခုနှစ်အတွင်း အတည်ပြုနိုင်ရေးဆောင်ရွက်

စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာဥပဒေ (Condo Law)ကဲ့သို့ အထပ်မြင့် လူနေကန်ထရိုက်လုပ်ငန်းဥပဒေ(Apartment Law)ကို ယခုနှစ်အတွင်း လွှတ် တော်က အတည်ပြုနိုင်ရန် ရေးဆွဲ နေပြီဖြစ်ကြောင်း သတင်းရရှိ သည်။

ယခုဥပဒေသည် တိုက်ခန်းဝယ်ယူနေထိုင်သူများအတွက် အချိန်မီလိုအပ်နေသဖြင့် ကွန်ဒိုဥပဒေကဲ့သို့ လွှတ်တော်တွင်း ကြန့်ကြာမှုမရှိစေရန် အမြန်ဆုံးရေးဆွဲရမည်ဖြစ်ကြောင်း ပထမအကြိမ် လွှတ်တော်သက်တမ်းအ တွင်း ရေးဆွဲရာ၌ ပါဝင်သည့်လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဇေ ကမ္ဘာ ဦးခင်ရွှေက ပြောကြား သည်။

Continue reading

၂၀၁၆ ခုနှစ် Philippines Property Awards ဆုပေးပွဲ ကျင်းပပြီးစီး မှုများ မြင်ကွင်း

နှစ်စဉ်ကျင်းပလာခဲ့ပြီး ယခု၂၀၁၆ ခုနှစ်တွင်ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် PhilippinesProperty Awards (ဖိလစ်ပိုင်အိမ်ခြံမြေဆုပေးပွဲ)ကို ဖိလစ်ပိုင်မြို့တော် မနီလာရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ် Fairmont Makati ၌ ဒေသစံတော်ချိန် ဧပြီ ၇ ရက်ညက ကျင်းပခဲ့သည်။

Megaworld ကော်ပိုရေးရှင်းက ယင်း ၂၀၁၆ ခုနှစ်ဆုပေးပွဲတွင် အကောင်းဆုံးအိမ်ခြံမြေ၀ယ်ယူ
ဆောက်လုပ်ရောင်းချရေးလုပ်ငန်းဆုဖြစ်သည့် Best Developer ဆုအပါအ၀င် ဆုကြီး ၄ ဆုကို
ဆွတ်ခူးခဲ့သည်။

Continue reading

အိမ်ခြံမြေ အပြောင်းအလဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသင့်

မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးကွက် အပြောင်းအလဲတွေနဲ့ ပြသာနာတွေကို အကျိုးဆောင်တွေ အနေနဲ့ သက်ဆိုင်ရာ တိုင်းလွှတ်တော်ရုံးတွေမှာ သွားရောက်ဆွေးနွေးသင့်တယ်လို့ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

‘ အကျိုးဆောင်တွေဘက်က ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့
ပြသာနာတွေ ဈေးအဆမတန် မြင့်တက်နေတာတွေ၊
ဈေးနှုန်းထိန်းမရတာမျိုးတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းလွှတ်တော်ရုံးတွေကို ကိုယ်တိုင် သက်ဆိုင်ရာလူတွေ

Continue reading