နိုင်ငံခြားသားများ အလည်အပတ် ဗီဇာဖြင့် အိမ်ငှားနေလျှင် အရေးယူမည်

အလည်အပတ်ဗီဇာ ကိုင်ဆောင်ထားသော နိုင်ငံခြားသားများ တိုက်ခန်းအိမ်ရာ ငှားရမ်း
နေထိုင်ခြင်းကို စိစစ်တွေ့ရှိရပါက ငှားသူ နိုင်ငံခြားသားနှင့် ငှားရမ်းသည့် အိမ်ရှင်များကို
ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရခိုင်တိုင်း ရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ “ရပ်ကွက်ထဲမှာ တိုးဗီဇာကိုင်ပြီး လာငှားနေလို့မရဘူး။ အိမ်ရှင်တွေမှာလည်း ပြဿနာ ရှိတယ်။ ကျွန်တော်တို့ လတိုင်းလိုက်စစ်နေ ပေမဲ့ အကုန်လုံးကို လိုက်မစစ်နိုင်လို့ သူတို့လွတ်နေတာ။ တိုင်တဲ့လူရှိရင်တော့ သွားစစ်ပါတယ်။ PR, Business visa နဲ့ဆို ရပ်ကွက်ထဲက အိမ်တွေမှာ အိမ်ငှားနေလို့ ရတယ်။ အိမ်ရှင်တွေကလည်း ငှားခွင့်မရှိဘဲ နဲ့ ငှားရင် အိမ်ရှင်လည်း ပြဿနာရှိတယ်။
အိမ်ရှင်ကလည်း အိမ်ကို နိုင်ငံခြားသား မငှားခင် သူ ဘာဗီဇာနဲ့လာသလဲ ဆိုတာကို
တောင်းကြည့်ဖို့လိုအပ်တယ်”ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

Continue reading

အလုပ်ရသည်နှင့်နေစရာဖန်တီးပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

အလုပ်သမားများ အနေဖြင့် အလုပ်ရရှိသည်နှင့် တစ်ပြိုင်နက် နေစရာရရှိရန် ဖန်တီးလုပ်ဆောင် ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သော အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးကောင်းမွန်မှုကို အခြေခံပြီး စီးပွားရေးရေရှည် ဖွံ့ဖြိုးတိုး တက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ “အလုပ်သမားများနေထိုင်စရာရရှိရန်အတွက် ဘဏ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာမည်ဖြစ်သည့်အပြင် လူမှုဖူလုံရေးရန်ပုံငွေမှတဆင့် သုံးစွဲလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ “အလုပ်သမားတွေအနေနဲ့ အလုပ်ရတာနဲ့ အနိမ့်ဆုံးနေ ထိုင်စရာနေရာရရှိဖို့ လိုပါတယ်။ နေစရာအတွက် အာမခံချက်ပေးနိုင်ဖို့လိုတဲ့အပြင် ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးတွေကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ထိုက်တန်တဲ့လုပ်ခလစာ ရရှိဖို့လည်း လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

Continue reading

မြေပိုင်ဆိုင်မှု လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ဆောင်ရွက်ပေးနေဟုဆို

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြေပိုင်ဆိုင်မှုအထောက်အထား လျှောက်ထားရာ၌ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

မြေပိုင်ဆိုင်မှု လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးနေခြင်းကြောင့် မေလ ၁၀ ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ရာတွင် အမှုတွဲပေါင်း ၃၅၅ မှုကို ပြီးစီးအောင် ဆောင်ရွက်ပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Service ကို မေလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ “မြို့ပြနှင့်အိမ်ရာဦးစီးဌာနက စီမံခန့်ခွဲနေတဲ့ အိမ်ရာစီမံကိန်းတွေ၊ စက်မှုဇုန်မြေကွက်တွေ၊ ဌာနဆိုင်ရာတွေက ထုတ်ပေးထားတဲ့ မြေငှားစာချုပ်၊ ပါမစ်တွေရဲ့ မြေကွက်တွေကို မြေပိုင်ဆိုင်မှုအထောက်အထားနဲ့ လျှောက်ချင်တယ်ဆိုရင် အရက်ကထက် လုပ်ထုံးလုပ်နည်းတွေကို ဖြေလျှော့ဆောင်ရွက်ပေးနေပါတယ်။ အစိုးရသစ်တက်လာကတည်းက ဖြေလျှော့မှုတွေကို လုပ်ဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားပြီးသားဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

Continue reading

လှိုင်သာယာစက်မှုဇုန်ကို ပုဂ္ဂလိက ဖွံ့ဖြိုးရေးစာတမ်း ထုတ်ပြန်မည်။

တည်ငြိမ်သော မြန်မာ့စီးပွားရေးကို အကောင်အထည်ဖော်နိုင်ရန် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး မူဘောင်နှင့် လုပ်ငန်းစီးမံချက်ပမာဏစာတမ်းကို မကြာမီထုတ်ပြန်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်းကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

မြန်မာ့ ပုဂ္ဂလိက ကဏ္ဍသည် ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးကို စနှစ်တကျရှိစေ ရန်၊ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ထားကြောင်း၊ ယင်းစာတမ်းတွင် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှု ၈ ချက်ကို ဖော်ပြထားပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးရန် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ဟု ၎င်းကပြောသည်။ “ပုဂ္ဂလိကကဏ္ဍကို တွန်းအားပေးမယ်ဆိုရင် တိကျတဲ့မူဘောင် တစ်ရပ်ရှိဖို့ လိုပါတယ်။ ဒေသတည်ငြိမ်ရေးအေးချမ်းမှုရှိရင် ရင်းနှီးမြှုပ်နှံမှုက ၀င်လာမှာပါ။ အခွန်သက်သာခွင့်မက်လုံးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ မက်လုံးပေးထားပါတယ်” ဟု စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

Continue reading

ကွန်ဒိုတိုက်ခန်းအရစ်ကျ ရောင်းချမှုများပြားလာ

တန်ဖိုးမြင့်ကွန်ဒိုတိုက်ခန်းများကို အိမ်ခြံမြေအရောင်းပြပွဲများတွင် ၀င်ရောက်ပြသပြီး အရစ်ကျ စနစ်ဖြင့် ရောင်းချမှုပိုမိုများပြားလာသည်ဟု ရန်ကုန်မြို့ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

ကျွန်ဒိုတိုက်ခန်းများကို အရစ်ကျရောင်းချမှုသည် ယခင်က မရှိသလောက် နည်းပါးခဲ့သော်လည်း ယခုလက်ရှိတွင် ဈေးကွက်အေးစက်နေသည်ကို မြှင့်တင်နိုင်ရန်အတွက် လုပ်ဆောင်လာခြင်းဖြစ် ကြောင်း၊ ကွန်ဒိုတိုက်ခန်းများ အရစ်ကျရောင်းချရာတွင် မဆောက်ခင်ကတည်းက အခန်းကြိုတင် ရောင်းချမှုများလည်း ရှိနေသည်ဟု ၎င်းက ပြောသည်။ “ ပြပွဲတွေမှာ အရင်တုန်းက အိမ်ခြံမြေ၀င် ရောက်ပြသမှု နည်းတယ်။ အရစ်ကျစနစ်နဲ့ချရောင်းမှုဆိုတာကလည်း မရှိသလောက် ရှားပါတယ်။ အခုအချိန်မှာ ဈေးကွက်အေးစက်နေတဲ့အတွက် ဈေးကွက်မြှင့်တင်နိုင်ဖို့ လုပ်ဆောင်နေကြတာပါ” ဟု ၎င်းက ပြောသည်။

Continue reading

ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအခန်းပေါင်း ၈၀၀၀ ခန့်တည်ဆောက်မည်။

ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈၀၀၀ ခန့်ကို မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ နှစ်နှစ်အတွင်း တည်ဆောက်အကောက်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာအခန်းများကို မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်အိမ်ရာ စီမံကိန်း ဒဂုံမြို့ သစ်တောင်ပိုင်း ကရုဏာ အိမ်ရာစီမံကိန်း၊ လှိုင်သာယာမြို့နယ် ကျန်စစ်သားတန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် သန်လျင်မြို့နယ် အောင်ချမ်းသာ အိမ်ရာ စီမံကိန်းများ၌ ဆောက်လုပ်သွားမည်ဖြစ် ကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွေက အခြေခံလူတန်းစားတွေအတွက် လက်လှမ်းမမီသေးပါဘူး။ ဒါကြောင့် ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်းအိမ်ရာ အသစ်တွေကို ထပ်မံတိုးချဲ့ဖို့ ဆောင်ရွက်နေတာပါ။ လက်ရှိဆောက်လုပ် ထားတဲ့ကျပ်သိန်း ၁၀၀ ကျော်အခန်းပေါင်း ၂၂၀၀ ကို အခု နှစ်အတွင်းမှာ ရောင်းချပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။

Continue reading

အငှားနှင့်တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးခြင်ြး

အခြေခံ လူတန်းစားများအတွက် အငှားအိမ်ရာများနှင့် တန်ဖိုးနည်း အိမ်ရာများကို မန္တလေးမြို့အတွင်း နေရာအနှံ့အပြား တည်ဆောက်ပေး ခြင်းဖြင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမှုကို အထောက်အကူပြု နိုင်ကြောင်း မန္တလေးမြို့အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။

မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း ကျူးကျော်ဝင် ရောက် နေထိုင် လျက်ရှိကြသော အခြေခံ လူတန်းစားများအတွက် အဆိုပါအိမ်ရာများ တည်ဆောက် ပေးပြီး သင့်တော်သောနှုန်းထားဖြင့် ငှားရမ်းရောင်း ချပေးခြင်းဖြင့် မန္တလေး မြို့၏ မြင့်တက်နေသည့် အိမ်ခြံမြေ ဈေးနှုန်းများလည်း ကျဆင်းသွားနိုင် သည့်အပြင် မြေယာပြဿသာနာများလည်း ကင်းရှင်း သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ရှိ မန်းမြေယာဇာအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ ဦးကျော်ဝင်း က ပြောကြားသည်။

Continue reading